ကျွန်တော့်ရဲ့ နှစ်သစ်ကြိုဆိုခြင်း
2009 ခုနှစ်ကုန်ဆုံးလို့ 2010 ခုနှစ်သို့ ရောက်တော့မယ်ဆိုပြီး. ဒီဇင်ဘာလ 31 ရက်နေ့ ရဲ့ နောက်ဆုံး အချိန်လေးကို. ကျွန်တော်တို့.. နှင့်တကွ.မန္တလေး သူ မန္တလေးသား တစ်ချို့ နှစ်သစ်ကို ဘယ်လို ကြိုဆိုကြလဲ ဆိုတာလေး တွေကို ကြိုးစားပြီးတော့…စာဖတ်သူ သို့ ပြန်လည် မျှဝေ ရေးသားပေးလိုက်တယ်နော်…
ညပိုင်း ကိုးနာရီခွဲလောက်မှာ..အလုပ်ထဲ ကနေ.. သူငယ်ချင်းတွေ လာခေါ်လို့ သူငယ်ချင်းတွေနဲ့ ပါသွားပါတယ်…အပြင်ရောက်တော့ သူငယ်ချင်းတွေနဲ့စားကြ သောက်ကြပြီးတော့ကျုံးဘက် ကို ထွက်လာ ခဲ့ကြပါတယ်။ အဲဒီကနေမှ.. နန်းရှေ့ မှာ ရှိတဲ့..သူငယ်ချင်းရဲ့ အိမ်ကို သွားမယ် သူငယ်ချင်း လင်မယားကို Happy New Year သွားလုပ်ပြီးတော့ ခေါ်ခဲ့မယ်ဆိုပြီး သွားလိုက်ကြတာ. သူငယ်ချင်းက အလုပ်ကိစ္စ နဲ့ နယ်မှာ ရောက်နေတဲ့ အတွက် အဲဒီ သူငယ်ချင်းက မပါလာ ခဲ့တော့ပါဘူး။ အဲဒီကနေမှ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်ထဲပဲ ဆိုင် ကယ်တွေနဲ့ ကျုံးဘက်ကို ပြန်ထွက်လာ ခဲ့ကြပါတယ်။ သူငယ်ချင်း တစ်ယောက်က မန္တလေး တောင် ပေါ်တက်မယ်လို့ ပြောတာ့ ကျွန်တော်က မန္တလေး တောင်ပေါ် ကို မတက်ချင်ဘူး လူတွေ အရမ်းများနေမှာ.ပြီးတော့ ဆိုင်ကယ်တွေနဲ့ ဆိုတော့ အရမ်းအန္တရယ် များ တယ်လို့ ပြောပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ပြောသာ ပြောတာပါ. ကျွန်တော့သူငယ်ချင်းတွေရဲ့ အကြောင်းကို ကျွန်တော်အသိဆုံးပါ.. ကျွန်တော်တို့တတွေ တနေရာရာ သွားမယ်ဆိုရင် ကျွန်တော်က အဲဒီနေရာက ဖြင့် မသွားချင်ဘူး. အရမ်းရှုပ်တယ် အန္တရာယ် များတယ် လို့. ဘယ်လောက်ပဲ ပြောပြော နောက်ဆုံးတော့ ကျွန်တော် မဖြစ်မနေ လိုက်သွားရတာ ချည်း ပါပဲ.။ အခုလည်း ထုံးစံ အတိုင်းပဲ.. မသွားနဲ့ ပြောပေမယ့် သွားဖြစ်လိုက်ကြပါတယ်။ ကျွန်တော့်အထင်က ဒီနေ့ ည ဟာ နှစ်သစ်ကူး ပြီးရင် လ အပြည့်ကျတ်မယ်လို့ လဲ. ဂျာနယ်တွေထဲမှာ ဖတ်ထားမိတော့. မန္တလေး တောင်ပေါ် ကိုသွားပြီးတော့ Happy New Year အော်ရင်း နဲ့ လကျတ်တာ ကို စောင့်ကြည့်မယ့်သူတွေ အရမ်းများမယ်လို့ ထင်ထား တာ တကယ်တန်း က ကျွန်တော်တို့ လည်း မန္တလေး တောင်ပေါ်ရောက်ရော. ဆိုင်ကယ်တွေ က နည်းနည်းလေး ဆိုတော့ . ဟာ… ဒီနှစ် လူတွေ အရမ်း နည်းလှပါလားလို့ အောင့်မေ့နေတာ ပေါ့။ ဒီလိုနဲ့ ဆိုင်ကယ်တွေကို အရင်က ဆိုင်ကယ်အပ် ( ဆိုင်ကယ်အပ်လက်ခဲ့တဲ့သူက အခုရက်ကျတော့ မရှိတော့လို့) လက်ခံ တဲ့နေရာမှာ ဇက်သော့ နဲ့ ခက်ထားခဲ့ပြီးတော့ တောင် ပေါ်ကိုတက်သွားကြတာပေါ့ဗျာ. ။ အဲ.. အဲဒီမှာ ပဲ အဖြေကို သိလိုက်ရတယ်လေ…….တောင် ပေါ် မှာက ဟိုး… တောင်ပေါ်က ဘုရား ထိရောက်အောင် တက်လို့ မရဘူးလေ. ပိတ်ထားတယ်ဗျ.. ။။ အဲဒါကြောင့် မန္တလေး တောင်ပေါ်မှာ လူသိပ်မစည်တာ ကိုး…….။
အဲဒါနဲ့ပဲ ၁၂ နာရီက လည်း ထိုးတော့မှာဆိုတော့ နှစ်သစ်ကို ဒီ မန္တလေး တောင်ပေါ်ကနေပဲ ကြိုဆိုတော့မယ် ဆိုပြီး ဆိုင်ကယ်တွေ အပ်တဲ့ နေရာ ကနေပဲ.ကြိုဆိုလိုက်ကြပါတယ်။ ၁၂ လည်း ထိုးတာ နဲ့ တောင်ပေါ်မှာ ရောက်နေတဲ့ လူတွေထဲက မီးရှူး မီးပန်း တွေ ပါတဲ့သူတွေက.. မီးရှူး မီးပန်းတွေ ဖောက်လို့ . Happy New Year ဆိုပြီး ၀ိုင်း အော် လိုက်ကြပြီးတော့ အဲဒီမှာ ပဲ 2010 ခုနှစ်ရဲ့ အစ ကို.. မန္တလေး တောင်ပေါ် ကနေပဲ ကြိုဆိုလိုက်ကြပါတယ် ခင်ဗျာ…။ ခါတိုင်း နှစ်တွေလိုတော့ သိပ်ပြီးတော့ ပျော်စရာ မကောင်းလိုက်ပါဘူး ။ ခါတိုင်းနှစ်တွေက ကျောင်းတက်နေတဲ့ နှစ်ဆိုတော့ သူငယ်ချင်းတွေက လည်း စုံတော့ ကန်တော်ကြီးမှာ ပဲ သွားပြီးတော့ အဲဒီမှာ ပဲ ၀ိုင်းဖွဲ့ ပြီး သီချင်းတွေ ဘာတွေ ဆိုပြီး မီးရှူး မီးပန်းတွေ ဖောက်ပြီး ကြိုဆိုလိုက်ကြတာ.. ကန်တော်ကြီး ၀န်းကျင်မှာ ကလည်း လူတွေကလည်း အပြည့်နဲ့.. ကောင်းကင်ယံ မှာလည်း မီးရောင်စုံလေး တွေနဲ့ အရမ်း ပဲ ကြည့်လို့ ကောင်း ပျော်စရာ လည်း အရမ်း ကောင်း ခဲ့ ကြပါတယ် ခင်ဗျ…..။
ဒီလိုနဲ့ ကျွန်တော်တို့လည်း မန္တလေး တောင်ပေါ်က နေဆင်းလာပြီးတော့. ၁၂ ခွဲ ကျော်ကျော်လောက် ဆိုရင် လကျတ်မယ် ဆိုတော့ အဆောင်ရောက်မှပဲ. လကျတ်တာ ကို ကြည့်တော့မယ် ဆိုပြီး ကျုံး အရှေ့ဘက်လမ်း ၆၆ လမ်း အတိုင်း ပြန်လာ လိုက်တာ.. ကျုံးရဲ့ အရှေ့ဘက်မှာ လည်း လူတွေ တော့ နှစ်သစ်ကို ကြိုဆိုနေကြတာ တွေကိုလည်း တွေ့ ခဲ့ရပါတယ်။ ကျွန်တော်ထင်ထားခဲ့တဲ့ ဒီနှစ် ရဲ့ နှစ်သစ်ကူး ဟာ ပျော်စရာ မကောင်းဘူး လို့ ထင်ထားခဲ့မိတာ . ကျုံး အရှေ့ ဘက်. အမျိုးသား ကဇာတ်ရုံ ရှေ့ ရောက်တဲ့ အခါ ကျမှ.. အဲဒီထင်ထားခဲ့မိတာ ဟာ.မှားမှန်းသိတော့တယ်ခင်ဗျ….။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အမျိုးသား ကဇာတ်ရုံရဲ့ ရှေ့ ကနေ စလိုက်တာ ပဲ.. အဲဒီ လမ်း မကြီး ပေါ်မှာ ပဲ. ဆိုင်ကယ်တွေနဲ့ ရော ကားတွေ နဲ့ ရော လူတွေ ကို ပြည့်နေတာ ပဲ.. ဆိုင်ကယ်ပေါ်က လူတွေက လည်း အောက်ဆင်း ပြီးတော့ လမ်း ပေါ်မှာ လာတဲ့ ဆိုင်ကယ်ပေါ် က လူတွေရော ..ကားပေါ်ကလူတွေ ရော ကို.. တွေ့တဲ့သူတိုင်း ကို လက် တွေစွဲ နှုတ်ဆက်ကြ.. ပြီးတော့ နှစ်သစ်မှာ ပျော်ရွှင် ပါစေ.။ Happy New Year ပါ ဆိုပြီး ဆုတောင်းပေးကြ ပြီးတော့ ကားတွေ ဆိုင်ကယ်တွေ နဲ့ သွားနေတဲ့ သူတွေကလည်း. ပြန်လည် နှုတ်ဆက်. ကြ ဆုတောင်း ကြနဲ့..တကယ် ကို ပျော်စရာ အရမ်း ကောင်းလှပါတယ်ခင်ဗျာ.. အဲဒီလိုနဲ့ ဆိုင်ကယ်ကို ထောက်ထောက်ပြီး ရှေ့ ကို ဖြည်း ဖြည်း ချင်း တိုး လာ လိုက်ကြတာ. ၆၆ လမ်းနဲ့ ၂၆ လမ်းတောင့် ဆီဒိုးနား ဟိုတယ်ရှေ့ရောက်တော့ လူတွေနဲ့ ကားတွေ ဆိုင်ကယ်တွေ ကို ပိုပြီးတော့ ပြည့်ကျတ်လာ လို့ အတော်နဲ့ ကို ရှေ့ မရောက်နိုင်ကြဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဆိုင်ကယ်ကို ခြေနဲ့ ထောက်လိုက်ေ၇ှ့မောင်းလိုက်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက် ဆုတောင်းပေးလိုက်ကြနဲ့. လုပ်လာ လိုက်တာ. လူတွေ လည်း အေးမှန်းကို မသိအောင်ပါပဲ…အဲဒီ အထဲမှာ သီချင်း ဆိုပြီး ကတဲ့ သူတွေက ကလိုက်ကြ. တချို့ ကားတွေက ရပ်ထားပြီး တော့ သီချင်းတွေ ဖွင့် ပြီးတော့ ကတဲ့သူတွေနဲ့ နှုတ်ဆက်တဲ့သူတွေနဲ့ ဆုတောင်းတဲ့ သူတွေနဲ့ ကို ပြည့်နေကြတာ ပဲ.. ။ မန္တလေး မြို့ ရဲ့ သင်္ကြန်ရက်မှာ ဒီကျုံးဘေးမှာ စည်ကားတဲ့ အတိုင်း ပဲ ဗျာ.. ။ အင်္ဂလိပ် နှစ်သစ်ကူးတာ လည်း ကျွန်တော် တို့ မြန်မာ နှစ်သစ်ကူး ပွဲ တော်အတိုင်း ပဲ. နှစ်သစ်ကို စည်စည်ကား ကားနဲ့ ကြိုဆိုလိုက်ကြတာ များအ ရမ်းကို. ပျော်စရာ ကောင်ပါတယ် ခင်ဗျ။ ဒီလောက် အရမ်း စည်ကား ပြီးလူတွေ အရမ်း များပေမယ့် ကျွန်တော်တိုက မြန်မာတွေရဲ့ ချစ်စရာ ကောင်းတဲ့ စရိုက်လေး တွေက ဘာလဲ ဆိုတော့ ကောင်မလေးတွေရော ယောက်ျားလေးတွေရော. တစ်ယောက်နဲ့ တစ်ယောက် ဟာ.. မသိကြပဲ နဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ နေရာ မှာ လက်ဆွဲ နှုတ်ဆက်ကြ။ လက်ချင်း ရိုက်ပြီး အော်ကြ နဲ့.လုပ်နေကြတာဖြင့်.. .မကျေနပ်လို့ ရန်စတယ် ရန်ဖြစ်ကြတယ် ဆိုတာကိုတော့ မတွေ့ ခဲ့ လိုက်ရတာ ဟာ 2010နှစ်သစ်ရဲ့မင်္ဂလာ တစ်ပါး လို့ ပြောရမလိုပါပဲ။ .. အဲဒီလိုနဲ့ လူတွေစည်ကား တဲ့ ကြားကနေ တဖြေးဖြေး ချင်း တိုး လာလိုက်တာ.. ၂၆ လမ်း ၇၅ နားရောက်မှ ပဲ လမ်းက ကောင်းကောင်း မွန်မွန် ဆိုင်ကယ်မောင်းလို့ ရပါတော့တယ်.။ အဲဒီဘက်ရောက်မှ ပဲ လူ ပါးသွားတော့ တယ် ။ အဲဒီကနေမှ ပဲ သူငယ်ချင်းကို သူ့ ရဲ့ အိမ်ကို လိုက်ပို့ ပြီးတော့ အဆောင်ကို ပြန်လာ လိုက်ပါတော့ တယ်။ အဆောင်ကို ရောက်တဲ့ အခါကျတော့ ည ၁ နာရီ နဲ့ ၁၅ မိနစ် တောင် ရှိသွားပါပြီ။ အဲဒီလို နှစ်သစ်ကို ကြိုဆိုရင်. .. ဒီနေ့ ညဟာ လကျတ်မယ် ဆိုလို့ သွားနေရင်း မှာ ပင် ကောင်းကင်ယံ သို့ မကြာခဏ မော့မော့ ကြည့်ခဲ့ ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရဲ့ စန္ဒာ လမင်း ကြီးကတော့ မိုးတိမ်လေးတွေထဲ ၀င်လိုက် ထွက်လာလိုက် နဲ့ ပဲ. .. လကျတ်တာ ကို မတွေ့ ခဲ့လိုက်ရပါ။ ဒီလိုနဲ့ အဆောင်ရောက်တော့ လည်း လ က ဘယ်အချိန်များ ကျတ်အုံးမလဲ ဆိုပြီး စောင့် မျှော် ကြည့်ရှု မိခဲ့ ပါတယ်။ နှစ်နာရီခွဲတဲ့ အထိ ဘာ မှ.. အခြေ အနေ ထူးတာ မတွေ့တာ နဲ့ ပဲ……………. 2010ခုနှစ်ရဲ့ နှစ်သစ်မှာ ပထမဆုံးအိပ်စက် အနားယူ ပြီး.. .နှစ်သစ်ကို ကြိုဆို ခဲ့ ခြင်း ဖြစ်ပါကြောင်း……………………ကျွန်တော်ရဲ့ နှစ်သစ် ကြိုဆိုခြင်း.. ဆိုတဲ့ အကြောင်းကို.. ကြိုးစားရေးဖွဲ့ တင်ပြ ပေးလိုက်ခြင်း ဖြစ်ပါကြောင်း….။
ဇော်သိင်္ခ …

MyanmarGenius
January 3rd, 2010 at 4:18 pm
ကိုယ် ကိုယ်တိုင် နှစ်ကူးကို kztk နဲ့ အတူ ကြိုလိုက်ရသလိုပါဘဲ
တနှစ်ပတ်လုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ